သင့်မျက်နှာလေးအလှဆုံးဖြစ်ချင်ရင်
25-Feb-2017
၁။ မျက်နှာကို ရေအေးဖြင့် ပတ်ဖျန်း၍ ရေခဲသေတ္တာ၏ Freezer လေဖြင့်အချိန် အနည်း ငယ်ကြာအောင် ထိတွေ့စေခြင်းက အရေပြားနီးမြန်းခြင်းကို လျော့နည်းစေပါသည်။
၂။ Mascara အသုံးပြုရာတွင် မျက်တောင်မွေးများပေါ်တွင်သာ ထိတွေ့စေပြီး မျက်နှာပြင်ပေါ်သို့ အစွန်းအကွက်များ မဖြစ်စေရန် သတိထား၍ အသုံးပြုပါ။
၃။ Make-up ရွေးချယ်ရာတွင် အထူးသဖြင့် Foundation ကို အဓိကထား၍ ရွေးချယ်ပါ။ Water-based အမျိုးအစားကို ရွေးချယ်ရာတွင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
၄။ မျက်လုံးရှိ စွဲမြဲနေသော Make-up များကို ဖယ်ရှားပစ်ရန် Cold Cream ကို အသုံးပြုပါ။ ၎င်းကစျေးသက်သာပြီး ထိရောက်မှု ရှိစေပါသည်။
၅။ နှုတ်ခမ်းစူစူကို လှပဖို့ရန်အတွက် အပေါ်နှင့် အောက်နှုတ်ခမ်းရှိ အလယ်ပိုင်းနေရာ များတွင် အရောင်ကိုပိုရင့်အောင် Lipliner ဖြင့် ခပ်ထူထူဆွဲပေးပါ။
၆။ Eyeliner ကို မျက်တောင်မွေးအရင်းနှင့် နီးကပ်စွာအသုံးပြု ခြင်းက မျက်တောင်မွေးများ ကို ပို၍ထူထဲသည်ဟု ထင်ရာရောက်စေပါသည်။ ခဲတံခပ်ပျော့ပျော့က ပို၍အသုံးပြုလွယ် ကူစေမှာပါ။
၇။ ညအိပ်ရာမဝင်ခင် မျက်နှာပြင်ရှိ ပြင်ဆင်ခြယ်သထားသည်များကို Cleanser အပျော့စားနှင့် ရေကိုအသုံးပြု ပြီး မဖြစ်မနေ ဖယ်ရှားပစ်ပါ။
၈။ Make-up, Moisturizer နှင့် Sunscreen များ ရွေးချယ်ရာတွင် အမွေးနံ့ မပါသော၊ ဓာတ်မတည့်ခြင်းများ မဖြစ်နိုင်အောင် အမျိုးအစားများကို ရွေးချယ်ပါ။
၉။ နှုတ်ခမ်းများ နေရောင်ခြည်တိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ရန် Lip Gloss ကို အသုံးပြုပါ။ နှုတ်ခမ်းနီကိုလည်း သဘာဝအရောင်နှင့် အနီးစပ်ဆုံး အရောင်ကို ရွေးချယ်ပါ။ Lip Gloss သုံးပြီး အပေါ်မှထပ်မံ၍ ဆိုးခြင်းက အရောင်ကိုစွဲမြဲစေပြီး ပိုမိုတောက်ပစေ မှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေယွန်း
Health for all magazine, No.108, January 2016, Pg. 59
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
